Monday, November 12, 2007

ပုံပြင်

‘အသိ’တွေက တောင်ပေါ်တက်ပြီး
‘ဦးနှောက်’ကပျံသန်းဖို့ တောင်ပံယှက်နေတယ်။

‘အပြုံး’တွေက မီးကိုဦးမညွှတ်လို့
‘နှုတ်ခမ်း’က တရားခွင်မှာတဲ့။

‘အမုန်း’တွေက မြေလျှိုးသွားပြီး
‘ဒေါသ’က တွင်းတူးနေတယ်လေ။

‘အချစ်’တွေက တိမ်စီးချင်တယ်ပြောလို့
‘နှလုံးသား’က ကော်ဇောပျံရှာနေတော့
‘အလွမ်း’က တောင်ကြားထဲပြေးပုန်းလို့
‘ဝေးကွာမှု’က အမှုဖွင့်ထားတယ်…တဲ့။


No comments: