ငယ်ကစ လက်ယှက်တွဲ
ခက်ခဲလည်း ဖြတ်ကျော်
တစ်သက်မြဲ မှတ်ခေါ်တာ
ပြတ်ရော်ရန် မမှန်း။
တူပြေးကာ ခေါ်ကစားရယ်
ပျော်တပါး ဖြစ်ပုံအလွမ်း။
သင်အံကာ တူကျက်မှတ်တယ်
ဖြူသက်ထပ် ချစ်ပုံရယ်ဆန်း။
ခါတစ်လေ ရန်ဖြစ်တမ်းတို့
မှန်အချစ်စမ်း ကစားတယ်။
မကြာပါ ပြန်ကာခေါ်လို့
မြန်စွာပျော် ကလေးရွယ်။
ကံကြမ္မာ ပြန်ကာလည်သည်
မြန်မကြာတယ် ခွဲရလို့
စွဲတသ လွမ်းကာရယ်
တမ်းတလာတယ်။
ရင်ထဲဝယ်တော့ ရှိကြမယ်ထင်
သတိရလွယ်ရင် တွေ့ဖို့မှန်းတယ်လေး။
Monday, November 12, 2007
သူငယ်ချင်း
Posted by
CHAN MYAE KHINE
at
8:01 PM
0
comments
မှတစ်ပါးအခြားမရှိ
အကြင်သူသည်…
နှလုံးသား၏စေစားမှုကို နားမလည်လျှင်သော်လည်းကောင်း
ဦးနှောက်၏အစေအပါး ဖြစ်နေလျှင်သော်လည်းကောင်း
အချစ်အဘိဓာန် ပျောက်ဆုံးနေလျှင်သော်လည်းကောင်း
အမုန်းလက်ဆောင် လက်ဝယ်ရှိနေလျှင်သော်လည်းကောင်း
အကြင်နာစမ်းရေနှင့် ဝေးကွာနေလျှင်သော်လည်းကောင်း
အာဃတကမ်းခြေ၌ မွေ့လျော်နေလျှင်သော်လည်းကောင်း
မေတ္တာဂေဟာ၌ မနေထိုင်လျှင်သော်လည်းကောင်း
အတ္တမြေမှာနှစ်ထပ်သီးစား စိုက်ပျိုးနေလျှင်သော်လည်းကောင်း
ထိုသူသည်…
လူသားတို့၏မွေ့လျော်မှုကို မရှုစိမ့်သောမာရ်နတ်မှ
စေလွှတ်လိုက်သည့် တမန်တော်သာဖြစ်သည်။
Posted by
CHAN MYAE KHINE
at
8:00 PM
0
comments
One day
Fly! Fly! And again fly!
Fly until to the sky
Stars & moon just at night
Still going without flight
No one knows how much time
But not sour as a lime
Believe yourself to arrive at
U can take a pretty cat!
Mother; sky is waiting there
Don’t think about it is where
Hands like wings & your own wish
Make you to reach to sky; this
Just to fly & fly to fly
Fly to your own cute sky!
Posted by
CHAN MYAE KHINE
at
7:56 PM
0
comments
ပုံပြင်
� ‘အသိ’တွေက တောင်ပေါ်တက်ပြီး
‘ဦးနှောက်’ကပျံသန်းဖို့ တောင်ပံယှက်နေတယ်။
� ‘အပြုံး’တွေက မီးကိုဦးမညွှတ်လို့
‘နှုတ်ခမ်း’က တရားခွင်မှာတဲ့။
� ‘အမုန်း’တွေက မြေလျှိုးသွားပြီး
‘ဒေါသ’က တွင်းတူးနေတယ်လေ။
� ‘အချစ်’တွေက တိမ်စီးချင်တယ်ပြောလို့
‘နှလုံးသား’က ကော်ဇောပျံရှာနေတော့
‘အလွမ်း’က တောင်ကြားထဲပြေးပုန်းလို့
‘ဝေးကွာမှု’က အမှုဖွင့်ထားတယ်…တဲ့။
Posted by
CHAN MYAE KHINE
at
7:55 PM
0
comments
Thursday, September 6, 2007
မမလှလှ
မမလှလှ
စကတ်ကွဲအတိုလေး ဝတ်လို့လာ
ခပ်သာသာ လျှောက်ပါလို့
မေလာပေတာ။
လေပြင်းငယ်
ညှင်းရွယ် တိုက်ချိန်တဲ့
စကတ် ငယ်လန်ကာသွားလို့
မဟန်ကာ ပြန်ကာခက်တွေ့တယ်
ဟက်တက်အရှက်ကွဲ။
လေးဆစ်
Posted by
CHAN MYAE KHINE
at
3:03 AM
0
comments